Sunday, November 24, 2013
2013 Tokyo Motor Show
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၁၃ Tokyo Motor Show ၌ ဂျပန်နိုင်ငံထုတ် ကားများအပြင် ကမ္ဘာတစ်လွှားမှ ကားများကို စုံလင်စွာတွေ့ရှိရမည် ဖြစ်သည်။ ဂျပန်နိုင်ငံရှိ ကားထုတ်လုပ်ငန်းများမှ ဟိုက်ဘရစ် (hybrid) နှင့် ဟိုက်ဒရိုဂျင် (hydrogen) နည်းပညာသုံး တီထွင်ဆန်းသစ်သည့် ကားများကိုပြသသွားရန် တာဆူနေကြပြီဖြစ်သည်။ ဒီဇိုင်းဆန်းပြားပြီး လှပသေသပ်သော ကားများအပြင် လှပပြီးဆွဲဆောင်မှုရှိသည့် ဆိုင်ကယ်များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ အဆိုပါပြပွဲတွင် Yamaha မှ ပေါ့ပါးပြီးလျှပ်စစ် စွမ်းအင်ဖြင့်သာ အသုံးပြု၍ မောင်းနှင်ရမည့် PES1 လျှပ်စစ်မော်တော် ဆိုင်ကယ်၏ရှေ့ပြေးပုံ (concept) သည် စိတ်ဝင်စားမှု အများဆုံးခံရသည့် ထုတ်ကုန်တစ်ခုဖြစ်ပြီး ဆိုင်ကယ်မှာ ပေါင် ၂၀၀ လောက်အလေးချိန် ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။
Credit to: www.myanmarinternetjournal.com
Subscribe to:
Posts (Atom)